Fuel Your
Business
Dreams
FRANCHISING
လုပ်ငန်းအကြောင်း
City Express သည် မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံး ကြီးထွားလာနေသော အရောင်းစတိုးဆိုင်များထဲမှ တစ်ခုဖြစ်သည်။ ပထမဆုံးစတိုးဆိုင်ကို ရန်ကုန်မြို့ လှည်းတန်းလမ်းတွင် ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အဆိုပါဆိုင်ခွဲအား City Express သို့ အမည်ပြောင်းလဲခဲ့ပြီး ယခုအခါတွင် ရန်ကုန်တစ်ဝန်း၌ ဆိုင်ခွဲပေါင်း (၁၀ဝ) ကျော် ဖြန့်ကျက်ထားပြီး ဖြစ်ပါသည်။
City Express စတိုးဆိုင်များတွင် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများအပြင် အခြားကုန်ပစ္စည်း အမျိုးအမည်ပေါင်းများစွာ စုံစုံလင်လင် ရနိုင်ပါသည်။ ဖော်ရွေသော အပြုံးကိုယ်စီနှင့် မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် City Express မှ ကြိုဆိုလိုက်ပါသည်။ သင် လိုအပ်သည့် အချိန်တိုင်း အနီးအနားတွင် အမြဲအသင့်ရှိနေသည့် စတိုးဆိုင်အဖြစ် အားလုံး၏အသိအမှတ်ပြုခြင်း ခံရပြီးလည်း ဖြစ်ပါသည်။
City Express အား မြန်မာနိုင်ငံ၏ လက်လီအရောင်းဈေးကွက်တွင် ဦးဆောင်လျက်ရှိသည့် City Mart Holdings Co.,Ltd (CMHL) မှ လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ CMHL မှ City Mart Supermarket, Ocean Supercenter, marketplace by City Mart, mini City Mart, City Care, City Books & Music, Safari Bookstore, City Baby Club နှင့် City Mall Online အစရှိသည့် လက်လီဆိုင်ခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။
City Express သည် လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် Franchise လုပ်ငန်းလက်ခွဲယူသူများအဖြစ် ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ရန် ထူးခြားသော အခွင့်အရေးများကို ပေးလျက်ရှိပါသည်။ လူကြိုက်များပြီး အရည်အသွေးရှိသော ထုတ်ကုန်အမြောက်အမြား ရှိသည့်အပြင် အောင်မြင်သော လုပ်ငန်းလည်ပတ်မှု ပုံစံရှိသည့် City Express အား Franchise လုပ်ငန်းလက်ခွဲယူရန် လျှောက်ထားရာတွင် ရွေးချယ်မှုအဆင့် ပြီးမြောက်ပါက အခမဲ့ (၂) ပတ်တာ မွမ်းမံသင်တန်း တက်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။ လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်းတွင်လည်း ကုမ္ပဏီအကြံပေးများ၏ စဉ်ဆက်မပြတ် လမ်းညွှန်ပံ့ပိုးမှုကိုလည်း ခံစားရရှိကြရမည် ဖြစ်သည်။
FRANCHISE လုပ်ငန်းပုံစံ
အကြမ်းဖျင်း
အမြတ်
စုစုပေါင်း အကြမ်းဖျင်း
အမြတ်ဝေစု
လည်ပတ်မှု
ကုန်ကျစရိတ်
လုပ်ငန်းလက်ခွဲယူသူ၏
အသားတင်မြတ်ငွေ
စတိုးဆိုင် လည်ပတ်မှုပုံစံများ
City Express ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ
ခေတ်မီသည့် လက်လီရောင်းချသည့်စနစ်နဲ့ ပြည်တွင်းလုပ်ငန်း City Express ဆိုင်အား
FRANCHISE ယူပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်လိုက်ကြရအောင်
ကျွန်တော်တို့သည် အရည်အသွေးမြင့် ကုန်ပစ္စည်းများဖြင့် လည်ပတ်လျက်ရှိသည့် ပြည်တွင်းနာမည်ရှိ လုပ်ငန်းတစ်ခု ဖြစ်သည်။
City Express စတိုးဆိုင် franchise လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန်အတွက် သက်သာသော ကနဦးငွေသားရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် မတည်ငွေများလည်း သတ်မှတ်ပေးထားပါသည်။
သင် ဒီလုပ်ငန်းကို ''တစ်ယောက်တည်း'' ဦးဆောင်နေရတာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းထဲမှာ ''သင်ကိုယ်တိုင် အကျိုးအမြတ်ရဖို့အတွက်'' ပါဝင်နေတာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့တွင် တမူထူးခြားသည့် အမြတ်အစွန်း ခွဲဝေမှုပုံစံလည်း ရှိသည်။
ကျွန်ုပ်တို့သည် Franchise လုပ်ငန်းလက်ခွဲယူသူများအတွက် ပြည့်စုံသော မွမ်းမံသင်တန်းကိုလည်း ပေးပါသည်။
ကျွန်ုပ်တို့သည် တိုင်ပင်ဆွေးနွေးအကြံပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများလည်း ပေးပါသည်။
သင့်အဖွဲ့ဝင် ဆိုင်ဝန်ထမ်းများအတွက်လည်း သင်တန်းများပေးမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ထိရောက်မှုရှိသော ဈေးကွက်ရှာဖွေရေးအစီအစဉ်များဖြင့်လည်း ပံ့ပိုးပေးပါသည်။
ကျွန်ုပ်တို့သည် ငွေကြေးစီမံခန့်ခွဲမှု ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့သည် စက်ကိရိယာများအတွက် ပြုပြင်ထိန်းသိမ်းမှုများလည်း ပြုလုပ်ပေးပါသည်။
Franchise လုပ်ငန်းလက်ခွဲယူရန်
လိုအပ်သော အရင်းအနှီးပမာဏနဲ့ လိုအပ်ချက်များ
ရင်းနှီး မြှုပ်နှံမှု ပမဏ
FRANCHISE လုပ်ငန်း
လက်ခွဲယူသူတစ်ဦး၏ လိုအပ်သော သတ်မှတ်ချက်များ
City Express အား Franchise လုပ်ငန်းလက်ခွဲယူလိုသူများသည် အောက်ပါအရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံရပါမည်။
- လက်လီရောင်းချမှုလုပ်ငန်းအား စိတ်ပါဝင်စားသူ
- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအား ဦးဆောင်လုပ်ကိုင်လိုစိတ်ရှိသူ
- ဝန်ဆောင်မှုကောင်းမွန်ပြီး လူအများကို ဦးစီးနိုင်သူ
- အပြုသဘောဆောင်သောအမြင်ဖြင့် ကြီးပွားတိုးတက်လိုစိတ်ရှိသူ
Franchise လုပ်ငန်းလက်ခွဲယူသူများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ
နေ့စဉ်
လုပ်ငန်းဆောင်တာများ
City Express မှ အကြမ်းဖျင်း အမြတ်ငွေဝေစုအား မည်သို့ အသုံးပြုပါသလဲ
- ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ကုန်ကျစရိတ်
- ဈေးကွက်ရှာဖွေချဲ့ထွင်ခြင်း
Franchise လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ
- အဆောက်အဦးနှင့် ဆိုင်နေရာငှားရမ်းခ
- ဝန်ထမ်းလုပ်ခလစာ
- သိုလှောင်ရုံကုန်ပစ္စည်းစာရင်း
- ငွေဝင် ငွေထွက် ကွာဟချက်များ
- မီတာခ အသုံးစရိတ်များ
- အင်တာနက်ဝန်ဆောင်မှု ကုန်ကျစရိတ်များ
- အခြားလုပ်ငန်းလိုင်စင်နှင့် အရက်ဘီယာရောင်းချခွင့်လိုင်စင် နှစ်စဉ်သက်တမ်းတိုးခြင်း
- အထွေထွေကုန်ကျစရိတ်များ
FRANCHISE လုပ်ငန်းလက်ခွဲယူသူတစ်ဦးဖြစ်လာရန် လျှောက်ထားပုံအဆင့်ဆင့်

အသေးစိတ်သိရှိနိုင်ဖို့အတွက်
ကျွန်ုပ်တို့အား ဆက်သွယ်မေးမြန်းပါ။

Franchise လုပ်ငန်းအတွက် လိုအပ်သောအချက်အလက်များနဲ့ Non-Disclosure Agreement (NDA) သဘောတူညီချက်များကို ဖြည့်စွက်ပါ။

Franshise Presentation session အားတက်ရောက်ပါ။

သိလိုတဲ့အချက်တွေ မေးမြန်းရန် City Express Management Team နဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးပါ။

ဖွင့်လှစ်ပြီးသား City Express store စတိုးဆိုင်တစ်ခုကို သွားရောက်ကြည့်ရှုလေ့လာပြီး အသစ်ဖွင့်လှစ်ရန် နေရာကောင်းတစ်ခု ရှာဖွေပါ။

Franchise Application Form လျှောက်လွှာအား ဖြည့်ပါ။

ကနဦးငွေ ရင်းနှီးငွေ ပေးသွင်းပါ။

Franchise Agreement သဘောတူညီချက်အား လက်မှတ်ထိုးပါ။

လိုင်စင်လျှောက်ထားခြင်း၊ စတိုးဆိုင်နေရာအသစ်အား သတ်မှတ်ခြင်းတို့နှင့်အတူ Franchisee Training programme မွမ်းမံသင်တန်းကို တက်ရောက်ပါ။

ဆိုင်ပြင်ဆင်ပြီး စတင်ဖွင့်လှစ်လိုက်ပါ။

အသေးစိတ်သိရှိနိုင်ဖို့အတွက်
ကျွန်ုပ်တို့အား ဆက်သွယ်မေးမြန်းပါ။

Franchise လုပ်ငန်းအတွက် လိုအပ်သောအချက်အလက်များနဲ့ Non-Disclosure Agreement (NDA) သဘောတူညီချက်များကို ဖြည့်စွက်ပါ။

Franshise Presentation session အားတက်ရောက်ပါ။

သိလိုတဲ့အချက်တွေ မေးမြန်းရန် City Express Management Team နဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးပါ။

ဖွင့်လှစ်ပြီးသား City Express store စတိုးဆိုင်တစ်ခုကို သွားရောက်ကြည့်ရှုလေ့လာပြီး အသစ်ဖွင့်လှစ်ရန် နေရာကောင်းတစ်ခု ရှာဖွေပါ။

Franchise Application Form လျှောက်လွှာအား ဖြည့်ပါ။

ကနဦးငွေ ရင်းနှီးငွေ ပေးသွင်းပါ။

Franchise Agreement သဘောတူညီချက်အား လက်မှတ်ထိုးပါ။

လိုင်စင်လျှောက်ထားခြင်း၊ စတိုးဆိုင်နေရာအသစ်အား သတ်မှတ်ခြင်းတို့နှင့်အတူ Franchisee Training programme မွမ်းမံသင်တန်းကို တက်ရောက်ပါ။

ဆိုင်ပြင်ဆင်ပြီး စတင်ဖွင့်လှစ်လိုက်ပါ။
အမေးများသော မေးခွန်းများ
Franchise လုပ်ငန်းလက်ခွဲယူသူ တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်သလဲ။
လက်လီအရောင်းဆိုင် အတွေ့အကြုံရှိရန် လိုအပ်ပါသလား။
Franchise အခကြေးငွေပေးရခြင်းအတွက် ရရှိနိုင်မည့်အရာတွေက ဘာလဲ။
ရရှိနိုင်မည့် အကျိုးအမြတ်တွေက ဘာတွေဖြစ်မလဲ။
- စုံလင်သည့် ကုန်ပစ္စည်းအမျိုးအစားများထားရှိခြင်း၊ တန်ဖိုး၊ အရည်အသွေးမီ ကုန်ပစ္စည်းများနှင့် ကောင်းမွန်သော ဝန်ဆောင်မှုတို့အပြင် သန့်ရှင်းသပ်ရပ်ပြီး ဖော်ရွေသော ဆိုင်အပြင်အဆင်များထားရှိခြင်းဖြင့် မိမိ၏ ဝယ်ယူသူ ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
- City Express မှ ချမှတ်ထားသော လုပ်ငန်းဆောင်ရွက်မှုများကို အတိအကျလုပ်ဆောင်ခြင်း
- မိမိရဲ့ဝယ်ယူသူ ဖောက်သည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများအား ခန့်ပြီး ပြုစုပျိုးထောင်ခြင်း
- ဆိုင်၏အသုံးစရိတ်အား သေချာစီမံခန့်ခွဲပြီး ရောင်းအားအခြေအနေကို အမြဲမပြတ် စောင့်ကြည့်ခြင်း
အမြတ်ငွေ မရရှိသောအခါ City Express အနေဖြင့် မည်သို့ ကူညီပေးနိုင်မလဲ။
City Express ဆိုင်နေရာအတွက် တည်နေရာကို ကိုယ်တိုင်ရွေးချယ်နိုင်ပါသလား။
မည်သည့်တိုင်းတိုင်းဒေသကြီးတွေ ပြည်နယ်တွေမှာ City Express စတိုးဖွင့်လို့ရမလဲ။
နိုင်ငံတစ်ဝန်းရှိ မြို့တော်ကြီးများနှင့်ဒေသဆိုင်ရာစင်တာကြီးများအားလုံးတွင် Franchise များကို ဖွင့်လှစ်နိုင်ပါသည်။
